အင်တာနက်လိပ်စာလမ်းညွှန် Website Guide
ဒီအင်တာနက် လိပ်စာ လမ်းညွန် ကို မြန်မာ အိုင်အာစီနှင့် မြန်မာ စကားဝိုင်း ၀က်ဘ်ဆိုက် မှကူးယူ ဖော်ပြထားခြင်း ဖြစ်သည်။




လူအများစုဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာခံစားမှုကို ပြောဆိုဖို့ဝန်လေးကြပါတယ်။ ဒါကြောင့် အွန်လိုင်းပေါ်ကနေပေးတဲ့ ၀န်ဆောင်မှုတွေ က ရေပန်းစားလာပါတယ်။ ဘာကြောင့်လဲဆိုတော့ လူကိုယ်တိုင်မတွေ့ ရဘဲ တစ်ကိုယ်တည်းပြောနေသလိုခံစားရလို့ ပွင့်ပွင့် လင်းလင်းပြောနိုင်လို့ဘဲဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုတွေထဲမှာ Psyeh Central ကလည်း ကောင်းတယ်လို့ပြောနိုင်တဲ့တစ်ခုပါ။
Click ခေါက်ပြီးတော့ ကိုယ်မေးချင်တဲ့ခေါင်းစဉ်ကိုရှာဖွေပြီး တော့ မေးလိုက်ရုံပါဘဲ။ ပြီးတော့အဖွဲ့ဝင်တွေဆိုလျှင်ကိုယ့်ရဲ့အတွေ့အကြုံ တွေကိုလည်းမျှဝေပေးနိုင်အောင်စီမံပေးထားပါတယ်။
http://psychcentral.com


ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက် တစ်ခုကတော့ နည်းပညာဆိုင်ရာ ဗဟုသုတတွေ ရရှိစေနိုင်မယ့် ၀က်ဘ်ဆိုက်တွေကို ဖော်ပြ ချိတ်ဆက်ပေးထားပြီး ကွန်ပျူတာနည်းပညာသတင်း အတိုအထွာလေးတွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်မယ့် ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
http://my-it.co.cc ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာ သတင်းလေးတွေအနေနဲ့ ဗိုင်းရပ်စ် တိုက်ခိုက်မှုတွေ၊ ဆော့ဖ်ဝဲအသစ်ထွက်ရှိတဲ့ သတင်းတွေနဲ့ နည်းပညာနဲ့ပတ်သက်ပြီး သိရှိထားတဲ့ ဗဟုသုတရဖွယ်ရာ အချက်အလက်တွေကို ပေါ့ပေါ့ပါးပါး ဖတ်ရှုနိုင်အောင် ဖော်ပြ ပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက် ကနေတစ်ဆင့် အခြားဝက်ဘ်ဆိုက်တွေကို ဖော်ပြ ချိတ်ဆက် ပေးထားရာမှာလည်း ပထမဆုံးသော မြန်မာဝက်ဘ်ဆိုက်ဖြစ်တဲ့ www.planet.com.mm ၀က်ဘ်ဆိုက်ကစပြီး မြန်မာဝီကီပီဒီးယား ၀က်ဘ်ဆိုက်အထိ လက်လှမ်းမီသမျှ ၀က်ဘ်ဆိုက်တွေ၊ ၀က်ဘ်လော့ဂ်တွေကို စုစည်း ပေးထားပါတယ်။
ဒီဝက်ဘ်ဆိုက်ရဲ့ Categories တွေအနေနဲ့ နည်းပညာကဏ္ဍ၊ ပေါ့ပေါ့ပါးပါး သတင်း အတိုအထွာကဏ္ဍနဲ့ Uncategorized ကဏ္ဍတွေဆိုပြီး ခွဲခြားထားတဲ့အတွက် ၀င်ရောက်လေ့လာရာမှာ လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပညာဆိုင်ရာ ဗဟုသုတတွေနဲ့ ၀က်ဘ်ဆိုက် တွေကို လေ့လာချင်တဲ့ သူတွေအနေနဲ့ ၀င်ရောက်ကြည့်ရှုသင့်တဲ့ ဆိုက်ပဲဖြစ်ပါတယ်။
http://my-it.co.cc


ပရိသတ်ကြီးအတွက် လူနေမှု အဖွဲ့အစည်းထဲမှာ လူသား အချင်းချင်း ဆက်သွယ်ရေး ကွန်ရက်ဖြစ်စေမယ့် "Myanmar Community Site" ဆိုတဲ့ ၀က်ဘ်ဆိုက်တစ်ခုကို အင်တာနက် မြန်မာဝက်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ မိတ်ဆက် ဖော်ပြလိုက်ပါတယ်။
www.myanmarspace.com ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ လူမှုဆက်သွယ်ရေး ကွန်ရက်တစ်ခု အနေနဲ့ အသုံးပြုနိုင်မယ့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်တာကြောင့် ဒီဝက်ဘ်ဆိုက်မှာ ဘလော့ဂ်တွေ၊ ဖိုရမ်တွေပါဝင်ပြီး အဖွဲ့လိုက် စိတ်အားထက်သန်ရာ စုစည်းနိုင်မှာ ဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ရဲ့ ဘလော့ဂ်မှာတော့ ရင်ဖွင့် ခံစားချက်တွေကို ရေးသား ဖတ်ရှုနိုင်မှာဖြစ်ပြီး ဖိုရမ်မှာတော့ နည်းပညာ သတင်းတွေ အပါအ၀င် ဘာသာ သာသနာအကြောင်း၊ ရုပ်ရှင်နဲ့ ဂီတအကြောင်း စသည်ဖြင့် ဆွေးနွေးချက်တွေမှာ ၀င်ရောက် ဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ နောက်ထပ် ပါဝင်တဲ့ ကဏ္ဍတစ်ခုကတော့ ဗီဒီယို ကဏ္ဍလေးပဲဖြစ်ပြီး ဗီဒီယိုဇာတ်ကားတွေ၊ သီချင်းတွေ စတာတွေကို ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ကို ပြည့်ပြည့်၀၀ အသုံးပြုချင်တယ် ဆိုရင်တော့ ၀က်ဘ်ဆိုက်ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ အင်တာနက်ကို လူမှုဆက်သွယ်ရေးအတွက် အသုံးပြုလိုရင်တော့ ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ ကြည့်သင့်တယ်လို့ ဆိုပါရစေ။
www.myanmarspace.com


ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက် ကတော့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။

www.mshare.org ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်အောင် Categories တွေ ခွဲပေးထားပြီး ဘလော့ဂ်နဲ့ ဖိုရမ်တွေမှာ ၀င်ရောက် ဆွေးနွေး ဖလှယ်နိုင်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ နည်းပညာဆိုင်ရာ အချို့ဆော့ဖ်ဝဲတွေကို Download ပေးထားပြီး မိမိဖတ်ရှု လေ့လာချင်တဲ့ အပိုင်းကိုလည်း ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာ နည်းပညာ ဗဟုသုတတွေ ဆွေးနွေး ဖလှယ်လိုတယ် ဆိုရင်တော့ ၀က်ဘ်ဆိုက် အဖွဲ့ဝင်အဖြစ် စာရင်း ပေးရမှာဖြစ်ပြီး အဖွဲ့ဝင် ဖြစ်သွားပြီ ဆိုရင်တော့ ဖိုရမ်တွေ၊ ဘလော့ဂ်တွေမှာရှိတဲ့ ဆွေးနွေး ဖလှယ်ထားတဲ့ အကြောင်းအရာတွေမှာ ၀င်ရောက်ဆွေးနွေးပြီး မိမိသိရှိတဲ့ ဗဟုသုတတွေကိုလည်း ရေးသားမျှဝေလို့ ရပါတယ်။
လက်ရှိမှာတော့ ၀က်ဘ်ဆိုက်ဟာ စတည်ခါစ ဖြစ်တဲ့အတွက် အကြောင်းအရာတွေ အများကြီး မရှိသေးပေမယ့် ဗဟုသုတ ဖလှယ်မှုတွေ များလာ ရင်တော့ နည်းပညာ စိတ်ဝင်စားတဲ့ သူတွေအတွက် အထောက်အပံ့တွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက် လေ့လာရင်းနဲ့ ဗဟုသုတတွေ မျှဝေနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။
www.mshare.org


ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက် ကတော့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ ဖလှယ်နိုင်ဖို့အတွက် ရည်ရွယ်ထားတဲ့ ၀က်ဘ်ဆိုက် တစ်ခုပဲ ဖြစ်ပါတယ်။
www.mmcyber.net


အွန်လိုင်းမှာသုံးစွဲနိုင်မည့် ဓာတ်ပုံတည်းဖြတ်ဖို့နဲ့ ၀က်ဘ်ဒီဇိုင်းပြုလုပ် ဖို့အတွက် အခမဲ့ tool တွေကိုဖော်ပြပေးထားတဲ့ ဆိုက်ဖြစ်ပါ တယ်။Website templates, Online Image Editing Tools, Online Webmaster Tools။ အစရှိသဖြင့် တွေ့ရမှာဖြစ်ပြီး အချို့ အရာတွေက တော့ ၀န်ဆောင် ခပေးရမှာဖြစ်ပါတယ်။ သာမန်ဝက်ဘ်ဆိုက် template တွေနဲ့ ၀က်ဘ်ဒီ ဇိုင်းလေးတွေကို မိမိဘာသာ ဖန်တီးပြုလုပ်နိုင်အောင် စီမံပေးထားပါတယ်။ ပြီးတော့ ပြုလုပ်ပြီးသား template တွေ၊ 3D Textmaker တွေ၊ button တွေ အစရှိ သဖြင့် အခမဲ့ရယူနိုင်အောင် စီမံပေးထားတာတွေလည်း အများအပြားရှိပါတယ်။
www.creatingonline.com


ဒီဆိုက်ကတော့ အွန်လိုင်းကနေ အခမဲ့လေ့လာနိုင်တဲ့ ဆိုက်တစ်ခုဖြစ် ပါတယ်။ The Open University ဆိုတဲ့ တက္ကသိုလ်ကနေ ပေးတာဖြစ် ပြီး လေ့လာနိုင်မည့်သင်ခန်းစာတွေကို အပြည့်အ၀ပေးထားတာဖြစ်ပါတယ်။ Registration လုပ်ပြီးတော့ သုံးစွဲလျှင်တော့ topic တွေအကြောင်းကို ဖိုရမ်မှာဆွေးနွေးခွင့်၊ ဂျာနယ်ရေးသားခွင့်တွေရမှာဖြစ်ပြီး လေ့လာချင်တဲ့ အကြောင်းအရာတွေကို ကျောင်းသားတစ်ဦးအနေနဲ့ အပြည့်အ၀လေ့ လာခွင့်ရမှာဖြစ်ပါတယ်။
openlearn.open.ac.uk


ဒီဆိုက်ကတော့ သစ်ခွတွေအကြောင်းကိုပဲ သီးခြားဖော်ပြပေးမည့် ဆိုက်ဖြစ်ပါတယ်။ သစ်ခွတွေအကြောင်းကို ဓာတ်ပုံတွေနှင့်တကွ အသေ အချာဖော်ပြပေးထားပြီး အုပ်စုတွေကို အက္ခရာအစဉ်လိုက်ဖော်ပြပေး ထားပါတယ်။ သစ်ခွရဲ့ အမျိုးအစား၊ တွေ့ရှိရာဒေသ၊ ပန်းပွင့်တဲ့ရာသီအစ ရှိသည်ဖြင့် အပြည့်အစုံကို ဖော်ပြပေးထားတဲ့အတွက် သစ်ခွပန်းပင်တွေ နှစ်သက်မြတ်နိုးသူတွေ စိတ်ဝင်စား နိုင်မည့် ဆိုက်တစ်ခုဖြစ်ပါတယ်။
www.orchidworks2.com/default2.asp


webdevelopersnotes.com က ၀က်ဘ်နှင့် ပတ်သက်တဲ့ Programming tutorials, web master resource တွေ၊ tips နဲ့ HTML ပေါ်က trick တွေ၊ Java Script, Web Promotion နဲ့ အင်တာနက် စသည်ဖြင့် ကဏ္ဍတွေခွဲပြီးတော့ ဖေါ်ပြပေးထားပါတယ်။ အဓိကအခန်းက နှစ်ခုပါဝင်ပြီး Internet နဲ့ Web Basics, Web Programming Tutorials, Web Templates, Web Graphic Design, Web Page Design နဲ့ Web Resource နှင့် Tips and Tricks ရှိပြီး အချို့သော ခေါင်းစဉ်ကြီးများမှာ ခေါင်းစဉ်ခွဲများကိုလည်း တွေ့နိုင်ပါတယ်။
www.webdevelopersnotes.com


Open Source Web Design ကတော့ Web design template တွေကို အခမဲ့ download ရယူနိုင်တဲ့ ဆိုက်ဖြစ်ပါတယ်။ ပြီးတော့ဒီ template တွေကို အခြားသူတွေနဲ့ပါမျှပြီး သုံးစွဲခွင့်ပြုထားပါတယ်။ ဒီဆိုက်မှာပေးထားတဲ့ template လေးတွေက ရိုးရှင်းပြီးအမြင်ရှင်းတဲ့ template လေးတွေဖြစ်ပါတယ်။ လေ့လာကစ လူငယ်တွေအတွက် အကြံဉာဏ်အချို့ ရနိုင်မယ်လို့ ထင်ပါတယ်။
www.oswd.org


ဥယျာဉ်ခြံဝန်းထဲမှာ ပန်းပင်တွေကိုအလှဆင်တာ၊ အိမ်တွင်းမှာ အလှဆင်တာနဲ့ သစ်ပင်၊ ပန်းပင်တွေအကြောင်း စိတ်ဝင်စားသူတွေအတွက်ပါ။ သဘာဝပစ္စည်းတွေနဲ့ ဘယ်လိုမျိုးလှပပြီးတော့၊ စိတ်ကူးယဉ်ဆန်ဆန် နေထိုင်ရမလဲလို့ စိတ်ဝင်စားသူမျိုးတွေအတွက် ကြိုးပမ်းပြီး ဖော်ပြပေးထားပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မြတ်နိုးသူတွေနဲ့ သဘာဝတရားကို နှစ်သက်သူတွေ စိတ်ဝင်စားနိုင်တဲ့ ဆိုက်ပါ။
www.garden.com


ဒီတစ်ခါ် အင်တာနက်ရဲ့ မြန်မာ ၀က်ဘ်ဆိုက် အညွှန်းကဏ္ဍမှာ အင်တာနက် ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ ကျန်းမာရေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို ဖြန့်ဝေပေးထားတဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
www.myanmarmedicine.com ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေအနေနဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ ဆေးပညာရပ်တွေနဲ့ ဆေးဝါးနဲ့ ပတ်သက်တဲ့ အသိပညာတွေကို ဖော်ပြပေးထားပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိကပါရှိတဲ့ ကဏ္ဍတွေ အနေနဲ့ ဆေးပညာနဲ့ ဆေးဝါး အကြောင်းအရာတွေ ဖော်ပြပေးထားတဲ့ ကဏ္ဍတွေအပြင် အွန်လိုင်း ကျန်းမာရေး ဗဟုသုတကဏ္ဍ၊ ဆေးရုံနဲ့ ဆေးပေးအခန်းတွေရဲ့ကဏ္ဍ၊ အလှအပနဲ့ ကျန်းမာရေး ကဏ္ဍတွေနဲ့ ဆေးပညာ မဂ္ဂဇင်း ဂျာနယ်ကဏ္ဍ စတာတွေပါရှိတဲ့အတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး သိဖွယ်မှတ်ဖွယ် ဗဟုသုတတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဒီဝက်ဘ်ဆိုက်မှာပါရှိတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းတွေ အနေနဲ့ ပြည်တွင်း ကျန်းမာရေး လှုပ်ရှားမှု သတင်းတွေ၊ ဆွေးနွေးပွဲတွေအပြင် နိုင်ငံတကာမှ ကျန်းမာရေးဆိုင်ရာ သတင်းအချက် အလက်တွေကို စုစည်းဖော်ပြ ပေးထားပါတယ်။ ကျန်းမာရေးဆိုင်ရာသတင်း ဗဟုသုတတွေအနေနဲ့ ကလေးကျန်းမာရေးမှအစ သွား ဘက်ဆိုင်ရာ၊ မျက်စိ၊ နား၊ အဆုတ် စသည်ဖြင့် ရောဂါအကြောင်းနဲ့ ကျန်းမာရေး ဗဟုသုတတွေ လေ့ လာဖတ်ရှုနိုင်မှာ ဖြစ်တဲ့အတွက် ၀င်ရောက် လေ့လာကြည့်ရှုသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။
www.myanmarmedicine.com


ပရိသတ်ကြီးနဲ့ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ မြန်မာနိုင်ငံ ကွန်ပျူတာလောကမှာ ထင်ရှားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။
www.mcpa.org.mm ဆိုတဲ့ ၀က်ဘ်ဆိုက်ဟာ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရဲ့ လှုပ်ရှားမှုတွေကို ဖော်ပြပေးလျက်ရှိတဲ့ ၀က်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ အတွက် အသင်းရဲ့ ဆောင်ရွက်မှုတွေ၊ သတင်းအချက် အလက်တွေကို ၀င်ရောက်ဖတ်ရှု သိနိုင်မှာ ဖြစ်ပါ တယ်။ ဒီဝက်ဘ်ဆိုက်မှာ အဓိက ပါဝင်တဲ့ ကဏ္ဍတွေ အနေနဲ့ သတင်းကဏ္ဍ၊ အသင်းအဖွဲ့ကဏ္ဍ၊ လှုပ်ရှားဆောင်ရွက်ချက် ကဏ္ဍတွေနဲ့ အခြားအကျိုးရှိစွာအသုံးပြုနိုင်မယ့် ကဏ္ဍလေးတွေ ပါရှိပါတယ်။
ဒီဝက်ဘ်ဆိုက်ရဲ့ Home Page မှာဆိုရင် အသင်းရဲ့ လက်ရှိ ဆောင်ရွက်လှုပ်ရှားမှု သတင်းတွေကို ဖော်ပြပေးထားပြီး ယခင်လှုပ်ရှားမှု သတင်း အချက်အလက်တွေကို သတင်းကဏ္ဍမှာ ရှာဖွေဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၀က်ဘ်ဆိုက်ရဲ့ Download ကဏ္ဍမှာ အသင်းမှ ကြီးမှူးကျင်းပပေးခဲ့တဲ့ Seminars တွေ၊ Workshops တွေရဲ့ Presentations ဖိုင်တွေကို Download ရယူနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ကွန်ပျူတာနည်းပညာ တိုးတက်ပြန့်ပွားရေးအတွက် အလေးထားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေ၊ သတင်း အချက်အလက်တွေကို ဖတ်ရှုချင်တယ် ဆိုရင်တော့ ဒီဝက်ဘ်ဆိုက်ကို ၀င်ရောက် လေ့လာသင့်တယ်လို့ ဆိုချင်ပါတယ်။
www.mcpa.org.mm


ဒီတခါ ဖော်ပြမိတ်ဆက်ပေးချင်တဲ့ မြန်မာဝက်ဘ်ဆိုက်ကတော့ ကျန်းမာရေး၊ ပညာရေးမှအစ နည်းပညာ၊ အနုပညာနဲ့ ဖျော်ဖြေရေးဆိုင်ရာ ဗဟုသုတတွေကို မျှဝေပေးထားတဲ့ ဖိုရမ်ဝက်ဘ်ဆိုက်လေးတစ်ခု ပဲဖြစ်ပါတယ်။

www.nativemyanmar.net ဆိုတဲ့ ဒီဝက်ဘ်ဆိုက်မှာပါဝင်တဲ့ ကဏ္ဍတွေအနေနဲ့ သတင်းအချက် အလက်တွေအပါအ၀င် အတွေးအခေါ်တွေ၊ Love & Romance၊ စတာတွေ ပါဝင်တဲ့ General ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်စတာတွေ ဆွေးနွေးဖော်ပြထားတဲ့ Society ကဏ္ဍ၊ စာပေ၊ အနုပညာ၊ ရုပ်ရှင်၊ ဂိမ်းနဲ့ အားကစား စတာတွေ ဆွေးနွေးထားတဲ့ Arts & Entertainment ကဏ္ဍနဲ့ ကွန်ပျူတာနဲ့ အင်ဂျင်နီယာနည်းပညာတွေ မျှဝေထားတဲ့ Science & Technology ကဏ္ဍ စ သည်ဖြင့် ပါဝင်ပြီး Topicsး ပေါင်း ၂၄၈၀ကျော်နဲ့ Posts ပေါင်း ၂၅၉၉၀၀ ခုကို လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ဆွေးနွေးကြ တဲ့ အကြောင်းအရာတွေ အနေနဲ့ ဗဟုသုတရရှိစေနိုင်မယ့်အပြင် အဖွဲ့ဝင်အနေနဲ့ မိမိသိရှိလိုတဲ့ အကြောင်းအရာကိုလည်း တင်ပြဆွေးနွေးနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်ဟာ အထွေထွေ ဗဟုသုတတွေအပြင် ကျန်းမာရေး၊ ပညာရေး၊ ကွန်ပျူတာနဲ့ အင်ဂျင်နီယာနည်းပညာဆိုင်ရာ ဗဟုသုတတွေကိုပါ ရရှိစေနိုင် မှာဖြစ်ပြီး ဖျော်ဖြေရေးအတွက် ရုပ်ရှင်တွေ၊ သီချင်းတွေနဲ့ ဂိမ်းတွေကိုပါ လေ့လာအသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာသင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုလို့ ပြောနိုင်ပါတယ်။
www.nativemyanmar.net



PBSkids.org ကလေးငယ်တွေအတွက် အတော့်ကို သင့်တော်တဲ့ ဆိုက်ပါ။ ဒီဆိုက်ထဲမှာ ဂိမ်းတွေ၊ ပုံပြင်တွေ၊ သီချင်းတွေနဲ့ ကလေးငယ်တွေအတွက် အခြားသောအရာတွေ ထည့်ပေးထားပါတယ်။ ကလေးငယ်တွေအတွက် သင့်လျော်တဲ့ဂိမ်းတွေကို link လုပ်ပေးထားတာကလည်း စိတ်ဝင်စားစရာ ဖြစ်ပါတယ်။


ကားဝါသနာအိုးတွေအတွက် နှစ်သက်မည့်ဆိုက် ဖြစ်ပါတယ်။ ဈေးကြီးတဲ့ကားတွေကို လေ့လာသုံးသပ်တင်ပြထားပြီး ရေးသားတင်ပြထားသူ က ကားဝယ်တဲ့အခါမှာ လိုချင်တဲ့ကားတွေကို မှန်ကန်စွာ လေ့လာသုံးသပ်ပြီး ၀ယ်ယူနိုင်ဖို့ ရည်ရွယ်ရေးသားထားတာ ဖြစ်ပါတယ်။ အချို့သော သုံး သပ် တင်ပြထားမှုတွေကတော့ ရင်းနှီးသိရှိပြီးသား ဖြစ်ပါလိမ့်မယ်။


ဒီဆိုက်ကတော့ နှင်းဆီပန်းတွေကို နှစ်သက်တဲ့သူတွေအတွက် ဖြစ်ပါတယ်။ နှင်းဆီပန်းတွေကို စိုက်ပျိုးပုံတွေနဲ့ နှင်းဆီပန်းတွေရဲ့ အမျိုးမျိုးသော မျိုးရင်းတွေကို တွေ့ရှိ လေ့လာနိုင်မှာ ဖြစ်ပါတယ်။ နှင်းဆီပန်းတွေကို ရောင်းချတဲ့သူတွေအတွက်ပါ ပါသလို လိုတဲ့ သတင်းအချက်အလက်တွေကို ဒီ ဆိုက်ထဲမှာ ရယူနိုင်မှာ ဖြစ်ပါတယ်။
http://www.heirloomroses.com


ဒီတခါ မိတ်ဆက်ပေးချင်တဲ့ မြန်မာ ၀က်ဘ်ဆိုက်ကတော့ မြန်မာနိုင်ငံ ကွန်ပျူတာလောကမှာ ထင်ရှားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရဲ့ ၀က်ဘ်ဆိုက်ပဲ ဖြစ်ပါတယ်။


ပြည်တွင်းမှထုတ်လုပ်သော မော်တော်ကားများကို လေ့လာဝယ်ယူလိုသူများအတွက် Super Seven Star မော်တော်ယာဉ်ထုတ် လုပ်ရေးမှနေ၍ မိမိတို့စက်ရုံမှ ထုတ်လုပ်သော မော်တော်ကား များကို လေ့လာကြည့်ရှုနိုင်ရန့် http://www.supersevenstars.com website ကို လွှင့်တင်ပေးထားကြောင်း သိရှိရသည်။ ၎င်း website တွင် super seven star မော်တော်ယာဉ်ထုတ်လုပ်ရေးမှ ထုတ်လုပ်သောကားအမျိုးအစား၊ အခြေခံဖွဲ့စည်းတည်ဆောက်ပုံ၊ ကားများ၏ဓာတ်ပုံများနှင့် ၎င်းတို့ အလုပ်ရုံမှပေးသော ၀န်ဆောင်မှု များကိုပါ ဖော်ပြပေးထားကြောင်း သိရှိရသည်။ မြန်မာနိုင်ငံတွင် မော်တော်ကားထုတ်လုပ်ရေးလုပ်ငန်းများမှ ယခုလို မိမိတို့စက်ရုံများမှ ထုတ် လုပ်သော မော်တော်ကားများကို website တင်ပေးခြင်းဖြင့် ၀ယ်ယူ လေ့လာချင်သူများအနေဖြင့် အချိန်ကုန်သက်သာစေပြီး နေရာ ဒေသမရွေးဘဲ ကြည့်ရှုနိုင်တော့ မည်ဖြစ်သည်။


ဒီတခါ မြန်မာဝက်ဘ်ဆိုက်အညွှန်းကဏ္ဍမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို လေ့လာဖတ်ရှုနိုင်မယ့် ကျန်းမာရေးဆိုင်ရာ မြန်မာဝက်ဘ်ဆိုက်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ www.myanmarhealthcare.com ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေ၊ စာစဉ်တွေကို ဖော်ပြပေးထားပြီး ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ ရရှိနိုင်မယ့် အလှအပနှင့် ကျန်းမာရေး၊ အစားအသောက်အနေအထိုင်၊ လူနေမှု ဘ၀ပုံစံတွေကို ကဏ္ဍအလိုက် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျန်းမာရေးအတွက် သိသင့်သိထိုက်တဲ့ အစားအသောက်အညွှန်း၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကိုလည်း လေ့လာဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်မှာ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဗဟုသုတတွေကို ဖတ်ရှုလေ့လာနိုင်တဲ့အပြင် ပါဝင်တဲ့ကဏ္ဍတွေကို အီးမေးလ်ကနေ Newsletter အနေနဲ့ ရယူလို့ ရနိုင်ပါတယ်။ ဒီ ၀က်ဘ်ဆိုက်မှာ ဖော်ပြပေးခဲ့ဖူးတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နဲ့ ဗဟုသုတတွေကို ပြန်ပြီးဖတ်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါတယ်။ ဒါကြောင့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတတွေ၊ အသိပညာတွေကို အွန်လိုင်းပေါ်မှာ လေ့လာဖတ်ရှုချင်တဲ့သူတွေအတွက် ဒီဝက်ဘ်ဆိုက်ဟာ ၀င်ရောက်လေ့လာ သင့်တဲ့ ၀က်ဘ်ဆိုက်တစ်ခုပဲ ဖြစ်ပါတယ်။


တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အများအပြား ဖော်ပြပေးထားပြီး ဒီဝက်ဘ်ဆိုက်ဟာ ကလေးတွေအတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ဖော်ပြပေးထားပါတယ်။ တိရိစ္ဆာန်တွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အတော်ပြည့်စုံအောင် တင်ပြပေးထားပါတယ်။
www.animalcorner.co.uk


Webmaster-Directory ကတော့ webmaster တစ်ဦးဖြစ်ချင်သူ တွေအတွက် လိုအပ်တဲ့ လေ့လာမှုတွေကို ဖော်ပြပေးထားတဲ့ဆိုက် ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုမဲ့သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို ပေးထားပါတယ်။ ကောင်းမွန်တဲ့ link တွေကို ထည့်ပေးထားပါတယ်။ ဒီအရင်းအမြစ်ဟာ ဗဟုသုတနဲ့ ဉာဏ်ပညာအရွယ် အတွက်လို့ ပြောဆိုပါတယ်။
ww.webmaster-directory.net


ဒီဆိုက်ကတော့ ကမ္ဘာ့သမိုင်းအကြောင်းကို လေ့လာလိုသူအတွက် ရည်ရွယ်ထားတဲ့ဆိုက် ဖြစ်ပါတယ်။ ကမ္ဘာ့သမိုင်းအကြာင်းမှာရှိတဲ့ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေအကြောင်းကို ဖော်ပြပေးထားပြီး နှစ်ပေါင်းသုံးထောင်အတွင်းက အကြောင်းအရာတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ link တွေ နဲ့ တွဲဆက်ပေးထားတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ၊ သုတေသီတွေနဲ့ ဆရာတွေအတွက် ရည်ရွယ်ထားပါတယ်။
www.hyperhistory.com

ဖျော်ဖြေရေးဆိုင်ရာများ

- ဖရီးမြန်မာဗွီစီဒီ <www.freemyanmarvcd.net/index1.php?d=24713

>
- မင်းသီလမြန်မာဗွီဒီယို <www.minthila.com/

>
- မြန်မာသီချင်းများ(မြန်မာဘလော့) <www.mp3.mmblogs.net/

>
- မြန်မာရုပ်ရှင်ဗွီဒီယိုများ(ဘား
မိကလပ်စစ်)<www.burmeseclassic.com/

>
- ရွှေအိုးမြန်မာရုပ်ရှင် <www.shweo.com/

>
- မြန်မာသီချင်းများ(မဇ္ဇူရီ) <www.myitzuri.com/

>
- မြန်မာ-နိုင်ငံခြားရုပ်ရှင်ဇာတ်လမ်းများ<www.i-filmfest.blogspot.com/

>
- မြန်မာရုပ်ရှင်၊သီချင်းများ <www.flashband.net/home.php

>
- ရွှေအိမ်မက်မြန်မာဇာတ်လမ်းများ<http://shwedream.com/index.php?L=music.movies

>
- အာရှနိုင်ငံများမှ ဇာတ်လမ်းများ <http://aznv.tv/?p=login

>
- ကိုရီးယား၊ဂျပန်၊ထိုင်ဝမ် ဇာတ်လမ်းများ <www.mysoju.com/

>
- နိုင်ငံခြားရုပ်ရှင်များ <www.dramacrazy.net/

>

နည်းပညာဆိုင်ရာများ
- <http://studioamk.com/blog/

>

- မြန်မာမိသားစုဖိုရမ် <www.myanmarfamily.org/

>
- ပဒုမ္မာ(အွန်လိုင်းဂျလေဘီများ) <www.padonma.com/forums/index.php

>
- အင်္ဂလိပ်လိုရေးသောဖိုရမ် <www.katzforums.com/index.php

>
- မြန်မာမြားနတ်မောင်ကွန်မြူနတီဖိုရမ်<www.myanmarcupid.net/community/index.php

>
- သတ္တမနည်းပညာရပ်ဝန်း <www.technical-seven.com/forum/index.php

>
- မြန်မာချက်အွန်လိုင်းဖိုရမ်<www.myanmarchatonline.org/forum/index.php

>
- MYSTERY ZILLION
Forum<www.mysteryzillion.org/forums/forumdisplay.php

>
- Planet ဖိုရမ် <www.planet.com.mm/forums/

>
- အဖြူရောင်သံစဉ်မြန်မာဖိုရမ်<www.apytz.net/forum/forumdisplay.php

>
- Registry အကြောင်းများသိစေရန် <http://tavoythar-pcregedit.co.cc/

>

ဖတ်စရာမှတ်စရာ ဝက်ဆိုဒ်များ

- မိုးသောက်ကြယ် <www.moethaukkye.com/

>
- လောကအလှအွန်လိုင်းမဂ္ဂဇင်း <www.lawka-ahla.com/

>
- ရိုးမ-၃ <www.yoma3.org/

>
- ရွေအမြုတေ <www.shweamyutay.com/site/index.php

>
- လောကအလှ <www.lawka-ahla.com/

>
- နေ့သစ် <www.naytthit.com/

>
- အိုးဝေ (စင်္ကာပူ) <www.owaysingapore.net/

>
- ဖွဲ့တည်ရာ မီဒီယာ <http://existencemediagroup.com/

>
- ခေတ်လူငယ် <www.khitlunge.org.mm/

>
- သံလွင်အိမ်မက် <www.thanlwin.com/thanlwinainmat/

>
- ဈေးကွက် <www.zaygwet.com/

>
- ပေါ်ပြူလာမြန်မာ <www.popularmyanmar1.com/

>
- ပလန်းနက် <www.planet.com.mm/

>
- တူဒေးမြန်မာ <www.myanmar2day.com/

>
- မြန်မာ့အလင်း <www.myanmar.com/newspaper/myanmarahlin/index.html

>
- သာကီနွယ် <www.myanmarnargis.org/

>
- လူ့အခွင့်အရေးတိုးတက်ရေးအဖွဲ့ <www.ghre.org/mm/

>
- ယနေ့မြန်မာ <http://burmatoday.net/

>
- ခေတ်ပြိုင် <www.khitpyaingnews.org/index.php

>
- အာဖက်ဖ်အေ <www.rfa.org/burmese

>
- လွတ်လပ်သောမွန်သတင်းအေဂျင်စီ<www.monnews-imna.com/burmese/news.php

>
- နိရဉ္စရာ <www.narinjara.com/burmese.asp

>
- ဧရာဝတီ <www.irrawaddy.org/bur/

>
- သတင်းနှင့်မီဒီယာကွန်ယက် <www.nmg-news.com/nmg/defaultmm.html

>
- ဒီဗွီဘီ <http://burmese.dvb.no/

>
- မဇ္ဖိမ <www.mizzimaburmese.com/

>
- မိုးမခ <http://moemaka.com/

>
- သျှမ်းသံတော်ဆင့်<www.mongloi.org/burmese/index.php?option=com_content&view=fron...

>
- ဘီဘီစီ မြန်မာပိုင်းအစီအစဉ် <www.bbc.co.uk/myanmar/index.shtml

>
- ရိုင်ရယ်လ်မြန်မာ <www.royal-myanmar.com/

>
- အင်တာနက်ဂျာနယ် <www.myanmarinternetjournal.com/

>
- People Magazine <www.people.com.mm/

>
- လျှပ်တပြတ် <http://snapshot-news.com/

>
- ရန်ကုန်တိုင်း <http://yangonmedia.com/news/

>
- ၀ိကလီးအလဲဗင်း <http://weeklyeleven.com/

>
- မြန်မာတိုင်း <http://mmtimes.com/

ဆက်သွယ်ရန် လိပ်စာကတော့

အီမေးလ်ကတော့= maisoejar@gmail.com
ဘလော့ကတော့=www.palaunglay.blogspot.com

Visiter No