မြန်မာ ကဗျာများ










ခေတ်သစ်ရည်းစားစာ

တစ်နေ့ တစ်နေ့
ငေးကြည့်ယုံလေးနဲ့တော့
ရင်ထဲကအချစ်တွေ ဘယ်အချိန်ထိ
ခေါက်ထားရမှာလဲ ကောင်မလေးရယ်
တကယ်တော့ နှလုံးသားဟာ
အမှည့်လွန်သစ်သီးတစ်လုံးလို
နင်သာကောက်ယူစားသုံးမယ်ဆိုရင်
ကြွေချင်နေတာကြာပါပြီး
ဒါပေမယ့်
အေးစက်စက်မင်းမျက်ဝန်းတွေကြောင့်
ခံစားချက်တွေတောင့်တင်းခဲ့တယ်
ဖွင့်အန်ပြောပြဖို့
စကားလုံးတွေ ပျောက်ဆုံးခဲ့တယ်
ဘယ်အချိန်မှ ရောက်လာမလဲမသိပေမယ့်
ငါ့ဘူတာရုံလေးကတော့
မျော်လင့်ခြင်း များစွာနဲ့

လည်တစ်ဆန့်ဆန့်ပေါ့
ကောင်မလေးရယ်

သက်ကောင်းစံ

ဒီကဗျာလေးသည် ကိုသက်ကောင်းစံမှ ကျွန်တော့်အိမ်မှာ တင်ပေးရန် ပေးပို့လာသော ကဗျာလေး ဖြစ်ပါသည်။



အတိတ်ကချစ်သူ



အတိတ်က ချစ်သူရေ . .
ငါမင်းကို သိပ်ပြီး ချစ်မိနေပေမယ့်
ချစ်ပါတယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

အတိတ်က ချစ်သူရေ . .
ငါမင်းကို အရမ်း ဖက်ထားချင်ပေမယ့်
ဖက်ပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

အတိတ်က ချစ်သူရေ . .
ငါမင်းကို အနမ်း မွှေးရှိုက်ချင်ပေမယ့်
နမ်းပါမယ်လို့ တစ်ခါမှ ဖွင့်မပြောခဲ့ဘူး။

ဒီလိုနဲ့ ကြာလာတော့ ငါတို့ နှစ်ယောက် ဝေးပြီးရင်း ဝေးသွားခဲ့တယ် . . .

အတိတ်က ချစ်သူရေ . . .
အချိန်တွေသာ ကုန်သွားပေမယ့် . .
အရာအားလုံးဟာ မပြောင်းလဲခဲ့ဘူး။
နေရာတွေသာ ဝေးကွာသွားပေမယ့် . .
လွမ်းတဲ့စိတ်က မပြေလျော့သေးဘူး။
အသက်တွေသာ အိုမင်းလာပေမယ့် . .
ချစ်တဲ့စိတ်က မကုန်ဆုံးနိုင်ဘူး။

အတိတ်က ချစ်သူရေ . . . .
တစ်ခါတစ်လေ သတိရတယ်
မကြာခဏ တမ်းတမိတယ်
အမြဲလိုလို ကြေကွဲတတ်တယ်
သတိရခြင်း၊ တမ်းတခြင်း၊ ကြေကွဲခြင်း တွေကြားမှာ . . .
ကူးခတ်၊ ရှင်သန်၊ ရင်ဆိုင်း ရင်း . . .
ငါဟာ . . အချစ်ဆိုတာကို နားလည်လာခဲ့ပြီ။

သက်ရှိမဟုတ်သော အတိတ်ကချစ်သူ ထံသို့ ပေးစာ
Tea (ရင်တွင်းဖြစ်)



နင်သိမှသိပါ့မလား?

ကျွန်တော့်ရဲ့ အတိတ်ကချစ်သူ ဆိုတဲ့ ကဗျာလေးကို မချယ်ရီ (တစ်ရာ့တစ်) ဆိုသူက ဖတ်ပြီး အရမ်းခံစားရလို့ ကျွန်တော့်ကို ကဗျာဆန်ဆန် ဆောင်းပါးလေး တစ်ပုဒ် ပို့လာတယ်။ ကြည့်စီစဉ်ပြီး ပိုစ့်တင်ပေးပါ ဆိုလို့ ကျွန်တော်လည်း အပိုဒ်တွေခွဲ၊ စာကြောင်းတွေ ခွဲပြီး ပိုစ့်တင်ပေးလိုက်ပါတယ်။ အရမ်းကို ကြေကွဲစရာ ကောင်းလှပါတယ်။ ပေးပို့ပေးသော ချယ်ရီကို ကျေးဇူးတင်ပါသည်။




ငါနင့်ကိုချစ်မိနေပြီဆိုတာ နင်သိပါ့မလား..
ငါ့စိတ်ထဲမှာ နင်ပဲရှိတယ်။
နင်နဲ့ မတွေ့ရရင် မနေနိုင်ဘူး။
နင်နဲ့ အတူနေရရင် ငါစိတ်ချမ်းသာမှုကို ခံစားရတယ်။
ငါပျော်နေတယ် သိလား..
နင့်ဘေးနားမှာ ရှိရင် ငါပျော်နေတယ်။
နင်နဲ့ စကားပြောနေရရင် ငါကြည်နူးတယ်။
နင့်ကိုများ ငါဖက်ထားလိုက်ရရင် ....
ငါလေ ဒီလောကကြီးကို မေ့သွားနိုင်တယ်။

နင်နဲ့ မတွေ့ရတဲ့ ရက်တွေ ဟာဆို
ငါ့အတွက် ငရဲကျ နေသလို ပါပဲဟာ။
စိတ်ကသာ နင့်ဆီကို ရောက်နေတယ်။
နင်ဟာ ငါ့အတွက်တော့ ဆေးတခွက်ပါ။
နင့်အပြုံးတွေ မြင်လိုက်ရင် ငါပျော်မိတယ်။
နင်မှိုင်နေပြီဆိုရင် ငါဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။
ဒါပေမယ့် ဒါတွေ နင်တစ်ခုမှ မသိဘုး။
သိလိမ့်မှာလည်း မဟုတ်ဘူး။
ငါဒီကိစ္စတွေ၊ ခံစားချက်တွေကို..
ငါ့ရင်ထဲမှာ ထာဝရ သိမ်းဆည်းသွားမှာပါ။
ခံစားချက်တွေအားလုံးကို လှေလေးပေါ်တင်ပြီး..
ငါ ပြန်လမ်းမဲ့ကျွန်းကို လွှတ်လိုက်ပြီ။

နင်စိတ်ချမ်းသာဖို့ အရေးကြီးတယ်။
ငါ နင့်ဘေးမှာနေပြီး နင့်ရဲ့ နေ့စဉ်ဘ၀တွေကို
သာယာပြည့်စုံလှပသွားအောင် ဖန်ဆင်းပေးချင်တယ်။
ငါရမှ ရပါ့မလား..
အခုတောင် ငါတော်တော်လေး ထိခိုင်နေပြီ။
မပူပါနဲ့။ ငါကြံဖန်ပြီး နင့်ကို ပြည့်စုံအောင် လုပ်ပေးမယ်။
နင်သာ အဆင်ပြေမယ်ဆိုရင် ငါသိပ်ပျော်နေမိပြီ။
နင်သိမှ သိပါ့မလား..
ငါ့သံယောဇဉ်တွေ၊ မေတ္တာတွေ၊ စေတနာတွေဟာ
တစ်စနဲ့ တစ်စ သန္ဓေတည်ပြီးရင်း တည်ရင်း
စွမ်းအင်တစ်ခုအသွင်သို့ ပြောင်းသွားခဲ့ပြီ။
ငါ့ကိုယ်ငါ ဘယ်လိုမှ ကယ်မရတော့ဘူး။
ဘ၀မှာ မကြုံဖူးခဲ့သော အချစ်ကို စတွေ့လိုက်ပြီ။

တစ်ချိန်ချိန်ဆိုတဲ့ အချိန်ကို ရောက်လာရင်
ငါအကြီးအကျယ် ခံစားရမှာ..
ငါ့မှာ ဒီအတိုင်း ကြည့်နေရုံကလွဲပြီး
ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။
နင့်အတွက် ငါအရာရာကို စတေးရဲတယ်။
ငါ့ရဲ့ နေ့နေ့ညညအတွေးအာရုံ အားလုံးကို
စိုးမိုးချယ်လှယ်ထားတာ နင်ပဲရှိတယ်။
အိမ်မက်တွေထဲအထိ ၀င်ရောက် ခြယ်လှယ်နေတယ်။
ငါဟာ တစ်နေ့တစ်နေ့ ပြုံးနေတယ်။
ပျော်နေတယ်။ ဒါတွေအားလုံးဟာ ဟန်ဆောင်မှုတွေပါ။
နင့်ကို မတွေ့ရတဲ့ အချိန်တိုလေး တစ်ခုမှာ
ငါဟာ အားပြတ်သွားတယ်လို့ ခံစားရတယ်။
နင့်အရှေ့မှာသာ ပြုံးနေခဲ့ပေမယ့် ရင်ထဲမှာ
ဒဏ်ရာတွေနဲ့ အပြည့် ဖုံးလွှမ်းနေတယ်ဆိုတာ
ဘယ်သူမှ မသိနိုင်ပါဘူးဟာ။

လောကမှာ အချစ်နဲ့ ပတ်သက်လို့
ကံအဆိုးဆုံးလူတစ်ယောက် ကိုပြပါဆိုရင်
ငါ့ကို ပြကြမှာပဲ။
ငါ့ကိုက ကံဆိုးလွန်းပါတယ်။
မချစ်သင့်ပဲ ချစ်မိတာက ငါ့အမှားပါ။
အခုတော့ ငါ ဟန်ဆောင် ပြုံးတွေ ပြုံးနိုင်သေးတယ်။
အခုတော့ ငါ နင့်ရှေ့မှာ ပျော်သယောင် နေနိုင်သေးတယ်။
အခုတော့ ငါ ပုံမှန် ဘာမှ မဖြစ်သလို ရှိသေးတယ်။
ဒီလို ခံစားချက်တွေ အားလုံးကို မျိုသိပ်ထားရင်း
တစ်ချိန်ချိန်မှာ ပေါက်ကွဲထွက်လာရင်
အားလုံးဟာ ပြင်းထန် ပျက်စီးသွားလိမ့်မယ်။
ဒါပေမယ့်.. အဲ့ဒီအချိန်ဟာလည်း..
ငါသေပြီးမှာပဲ ရောက်လာမှာပါ။

သိပ်သိပ်ကို ခံစားနေရတယ်။
ချယ်ရီ (တစ်ရာ့တစ်)


မပြောင်းလဲသော တစ်စုံတစ်ခု



နွေ . . .
နေတွေ ပူလို့ ချစ်ချစ် တောက်နေသည် . . .
ဒီရင်ထဲမှာလည်း ပူလောင်နေသည်။

မိုး . . .
ရေတွေ စွတ်လို့ ရွှဲရွှဲ စိုနေသည် . . .
ဒီရင်ထဲမှာလည်း ငိုကြွေးနေသည်။

ဆောင်း . . .
နှင်းတွေ ဖွေးလို့ ချမ်းချမ်း အေးနေသည် . . .
ဒီရင်ထဲမှာလည်း အေးခဲနေသည်။

ချစ်သူ . . .
နွေ၊ မိုး၊ ဆောင်း ရာသီတွေ ပြောင်းနေသည် . . .
ဒီရင်ထဲမှာတော့
ပူလောင်
ငိုကြွေး
အေးခဲ . . . နေဆဲပါ။

Tea (ရင်တွင်းဖြစ်)



ချစ်သူရဲ့ကဗျာ



ချစ်မိပြီဆိုမှတော့
ဘယ်လိုမှမုန်းမေ့မရ
ကိုယ်က တစ်ပင်တိုင်ရှူံးနိမ့်ခဲ့ရပြီ..
ကြင်သူမကြည်ဖြူတဲ့နောက်
အိပ်မက်တွေစွန့် လွှတ်
တိမ်းညွှတ်မိသောစိတ်ကိုထိန်း
ခပ်စိမ်းစိမ်းပဲနေပါတော့မယ်ကွယ်….


မုန်းမေ့မရပြီဆိုမှတော့
ဘယ်လိုမှ စိတ်ဖြေမရ
ကိုယ်က အထီးကျန်ဆန်ရူးခဲ့ရပြီ…
ကြင်သူအတွက် အနှစ်ခုနှစ်ရာမငိုကြွေးနိုင်ပေမယ့်
အခြေအနေသင့်ချိန်တိုင်း
မြေကြီးခောတ်မှာတောင်
ပန်းတွေပွင့်ဖူးပါတယ်ကွယ်….


တမ်းတလွမ်းမိပြီဆိုမှတော့
မကျေနပ်ချက် ကုဋေကုဋာနဲ့
ကိုယ်က တခါတလေ ရယ် ...
တခါတလေ ငို အရူုးုဖြစ်ခဲ့ရပြီ…
ကြင်သူအတွက် ဟန်ဆောင်အပြုံး
ကြိုးစားရယူမှုတိုင်းကို
ခံစားနားလည်သိပေးပါကွယ်….

ဝမ်းနည်းကြေကွဲခြင်းတွေနဲ့
ဝမ်းမြောက်ရွှင်လန်းခြင်းတွေကြားမှာ
တိုတောင်းသော ပြန်တွေးခြင်းဆိုတဲ့
ခနတဖြုတ်အလွမ်းလေးနဲ့ ပဲဖြစ်ဖြစ်
တို့ စိတ်ထဲမှာ အချင်းချင်းတော့
နောက်ဆုံးအကြိမ်ဖြစ်ဖြစ်
ပြန်လည်တမ်းတသတိရစေချင်ပါတယ်ကွယ်…


အင်္ဂလိပ်ကဗျာ များ ဖက်ချင်ရင်

ဒီမှာ သွားပါ။

ဆက်သွယ်ရန် လိပ်စာကတော့

အီမေးလ်ကတော့= maisoejar@gmail.com
ဘလော့ကတော့=www.palaunglay.blogspot.com

Visiter No